တရားလွှတ်တော်

တရားသူကြီး ဒေါ်ရင်ရင်သန်း

တရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်းသည် ၂၀၂၁ ခုနှစ်၊ ဇွန် လ (၁၆)ရက်နေ့မှစ၍ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ၂၀၂၁ ခုနှစ်၌ ကယားပြည်နယ်တရားရေးဦးစီးမှူးအဖြစ် ခန့်ထားခြင်းခံရပါသည်။

တရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်းကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌  ၁၉၈၃ခုနှစ်တွင် ဥပဒေဘွဲ့ (LL.B) နှင့် ၁၉၉၃ ခုနှစ်တွင် မဟာဥပဒေဘွဲ့ (LL.M) တို့ကိုရရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ကယားပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေးဦးစီးမှူးရာထူးအထိ ၃၅ နှစ် (၇)လခန့် တရားစီရင်ရေး အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ရင်ရင်သန်း သည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ