တနင်္သာရီတိုင်းဒေသကြီး၊ နိုဝင်ဘာ ၁၂


ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ ခရိုင်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နေ့လယ် ၃ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရှေးဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ခရိုင်တရားသူကြီးများသည် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများအား တင်ပြခဲ့ကြပါသည်။
