သတင်းများ

တင်ဒါအောင်မြင်သော ကုမ္ပဏီများစာရင်း ထုတ်ပြန်ကြေညာခြင်း
Post Image Post Image

Successful PT Generation ကုမ္ပဏီကို ၂၀၂၆-၂၀၂၇ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်သန်း ၃၉၂၁.၅၇၄ ဖြင့် တည်ဆောက်မည့် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အဦသစ် (၂၁၂x၁၆၃)ပေ၊ RCC (၃)ထပ် (၁၀၀၈၀၀ စပေ)၊ မြေတူးခြင်းလုပ်ငန်း၊ အုတ်မြစ်ချခြင်းလုပ်ငန်း၊ သံကူကွန်ကရစ် လောင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ရရှိသည့် တင်ဒါအောင်မြင်သော ကုမ္ပဏီအဖြစ် လည်းကောင်း၊ SEC Co.,Ltdကို အထက်ပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသည့် တင်ဒါအောင်မြင်သောကုမ္ပဏီ အဖြစ်လည်းကောင်း ထုတ်ပြန်ကြေညာလိုက်သည်။