တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် ၁/၂၀၂၆ သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၈-၈-၂၀၂၆)ရက်နေ့၊ နေ့လည် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်း၊ တရားလွှတ်တော် တရားသူကြီး ဒေါ်ထွေးထွေး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်ဇော်ဦးနှင့် တရားရေးအရာရှိများ၊ ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ သင်တန်းသား/သူ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြများအား ဂုဏ်ပြုငွေများချီးမြင့်ခြင်းနှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်၍ သင်တန်း၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသူများကို အသီးသီးဆုချီးမြှင့်ခဲ့ပါသည်။