တရားလွှတ်တော်

တရားသူကြီးဒေါ်ထွေးထွေး

တရားလွှတ်တော်တရားသူကြီး ဒေါ်ထွေးထွေးသည် ၂၀၂၆ ခုနှစ်၊ ဇွန် လ (၂၆)ရက်နေ့မှစ၍ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ယခင်က ၂၀၂၂ ခုနှစ်၌ ဧရာဝတီတိုင်းဒေသကြီးတရားရေးဦးစီးမှူးအဖြစ် ခန့်ထားခြင်းခံရပါသည်။

တရားလွှတ်တော်တရားသူကြီး ဒေါ်ထွေးထွေးကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ်၌  ၁၉၈၆ခုနှစ်တွင် ဥပဒေဘွဲ့ (LL.B)ရရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရာထူးအထိ ၃၇ နှစ် ၁၁လ ခန့် တရားစီရင်ရေး အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ထွေးထွေးသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ