သတင်းများ

(၂၀)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းနှင့်တရားစီရင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
Post Image Post Image

ထားဝယ် ၊ မတ် ၁

 တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းတို့သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ၂၀၂၀  ပြည့်နှစ်၊ ဩဂုတ် လ (၁၆၊၁၇၊၁၈၊၁၉) ရက်နေ့များတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ခရိုင်တရားသူကြီးများ၏  (၂၀)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်၊ ဧည့်ခန်းမ၌ (၁-၃-၂၀၂၁)ရက်နေ့၊ နေ့လည်(၃:၀၀)နာရီအချိန်တွင် Video Conferencing Zoom Application System ဖြင့် ပြုလုပ်ခဲ့ပါသည်။ တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပြည်ထောင်စုတရားသူကြီးချုပ်၏ မိန့်ခွန်းကိုထပ်ဆင့်ဖတ်ကြားခြင်း၊ အစည်းအဝေးအတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။

တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းကလည်း ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ခရိုင်နှင့်မြို့နယ်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာကိစ္စများကို တင်ပြသည့်အပေါ် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။