သတင်းများ

(၂၁)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းနှင့်တရားစီရင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
Post Image Post Image Post Image

ထားဝယ် ၊ ဩဂုတ် ၃၁

 တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၁  ခုနှစ်၊ ဩဂုတ် လ ၂၆ ၊ ၂၇ ရက်နေ့များတွင် ကျင်းပပြုလုပ်သော (၂၁)ကြိမ်မြောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၊ ဧည့်ခန်းမ၌ (၃၁-၈-၂၀၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် Video Conferencing Zoom Application System ဖြင့် ပြုလုပ်ခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပြည်ထောင်စုတရားသူကြီးချုပ်၏ မိန့်ခွန်းကိုထပ်ဆင့်ဖတ်ကြားခြင်း၊ အစည်းအဝေး အတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်းခြင်း၊ (၁)နှစ်အထက်ကြန့်ကြာ အချုပ်/ခံဝန် ရာဇဝတ်ဆိုင်ရာအမှုများ နှင့် ကြန့်ကြာရသည့် အကြောင်းအရင်းများ (၁)မှုချင်းအလိုက်တင်ပြစေပြီး ကြန့်ကြာမှုခင်းများ အမြန်ပြီးပြတ်စေရေး အတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများက တရားစီရင်ရေးအတွေ့အကြုံများကို ဆွေးနွေးမှာကြား၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သင်းသင်းချိုက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ခဲ့ပြီး စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ခရိုင်နှင့်မြို့နယ်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာကိစ္စများကို တင်ပြသည့်အပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားကာ အစည်းအဝေးအား နေ့လည်(၁၄:၃၀)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ