သတင်းများ

အသိပေးကြော်ငြာစာ

“အသိပေးကြော်ငြာစာ”

ရက်စွဲ ၊ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ   ၃  ရက်

 

                        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၁-၈-၂၀၂၁)ရက်စွဲပါအမိန့်အမှတ် ၁၇၂/၂၀၂၁ ဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းရန်အမိန့်အရ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းက လုံလောက် သော အကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်းမပြုသင့်ကြောင်း လျှောက်ထားချက်များ ၊ လူသတ်မှု မုဒိမ်းမှု ၊ သူတစ်ဦးဦး အား ထိခိုက်နစ်နာစေသည့်ပြစ်မှု ၊ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူပုဂ္ဂိုလ်များ၏ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုံးနစ်နာ စေသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ ကိုယ်တိုင်ထိခိုက်နစ်နာသူ (နစ်နာသူကိုယ်တိုင် ၊ နစ်နာသူ၏တရားဝင်ဇနီး ၊ ခင်ပွန်း နှင့် သားသမီး ၊ နစ်နာသူအိမ်ထောင်မရှိပါက နစ်နာသူကိုယ်တိုင်နှင့်နစ်နာသူ၏မိဘမောင်နှမများ)က အမှုပိတ်သိမ်း ခြင်းမပြုလိုကြောင်း လျှောက်ထားချက်များကို ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့မတိုင်မီ (စနေ ၊ တနင်္ဂနွေ) နေ့ရက်များမှအပ ကျန်နေ့ရက်များတွင် သတ်မှတ်ရုံးချိန်အတွင်း တရားရုံးများဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်၍ သက်ဆိုင်ရာတရားရုံးသို့လာရောက်တင်သွင်း လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ