သတင်းများ

စာရေးဝန်ထမ်းများလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်-၁/၂၀၂၁ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Post Image Post Image

သတင်းစဉ်

စာရေးဝန်ထမ်းများလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်-၁/၂၀၂၁ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

==========================================================================

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ စာရေးဝန်ထမ်းများလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်-၁/၂၀၂၁ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၆-၁၀-၂၀၂၁)ရက်နေ့၊ နံနက်(၉ ၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေး အရာရှိများ၊ ထား၀ယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးရှိ တရားသူကြီးများ တက်ရောက်ခဲ့ကြ သည်။

အဆိုပါသင်တန်းတွင် စာရေးဝန်ထမ်းများ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အရည်အသွေးတိုးတက်မြင့်မား၍ အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းကောင်းတွေ ဖြစ်လာ စေရန် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၁၄) ဦးတက်ရောက်၍ သင်တန်း ကာလမှာ (၆-၁၀-၂၀၂၁)နေ့မှ (၁၆-၁၀-၂၀၂၁)နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ