ရေဖြူ ဒီဇင်ဘာ ၂၂

ရေဖြူမြို့နယ်တရားရုံးတွင် (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program –NCMP) နှင့်စပ်လျဉ်းသည့် မိတ်ဆက်ရှင်းလင်း ခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၂၂ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရေဖြူမြို့နယ်တရားရုံးတွင် Video Conferencing (Zoom System)ဖြင့် ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်သင်းသင်းချိုက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရေဖြူမြို့နယ်တရားသူကြီး ဒေါ်အိမြတ်ချယ်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် အသုံးပြုရမည့် ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။
အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး ၊ တရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သင်းသင်းချို၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ထားဝယ်ခရိုင်တရားသူကြီးဒေါ်ဝင်းဝင်းနွယ်၊ ရေဖြူမြို့နယ် ဥပဒေအရာရှိ ဦးဝေလင်းထက်၊ ရေဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှနောင်၊ ရေဖြူမြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲဝင်း၊ ရေဖြူမြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်၊ ရေဖြူမြို့မစခန်းမှူး ဒုရဲမှူးဇော်ဦး၊ ရေဖြူမြို့နယ်တရားသူကြီးဒေါ်အိမြတ်ချယ်နှင့် တရားရုံးတာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေများတို့တက်ရောက်ခဲ့ကြပါသည်။

(၁၁:၀၀)နာရီတွင် မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။