သတင်းများ

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Post Image

ပုလော ဒီဇင်ဘာ ၂၃

ပုလောမြို့နယ်တရားရုံးတွင် (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program –NCMP) နှင့်စပ်လျဉ်းသည့်  မိတ်ဆက်ရှင်းလင်း ခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် Video Conferencing (Zoom System)ဖြင့် ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး(ကိုယ်စား) တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်အေးအေးသန်းက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်သင်းသင်းချိုက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။

ဆက်လက်ပြီး ပုလောမြို့နယ်တရားသူကြီး ဦးပိုင်စိုးကျော်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် အသုံးပြုရမည့် ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။     

အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးဒေါ်အေးအေးသန်း ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သင်းသင်းချို၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မြိတ်ခရိုင်တရားသူကြီးဒေါ်ရီရီခင်၊ ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မင်းစိုး၊ ပုလောမြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းအောင်၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်တင်ဇာလင်း၊  ပုလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလေးမြင့်၊ ပုလောမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သူရ၊ မှုခင်းမှတ်တမ်းတာဝန်ခံ/ ပလရဲကင်းစခန်းမှူး ဒုရဲအုပ်ဇာနည်မောင်၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းဆွေ၊ ပုလောမြို့နယ် ကုသရေးဦးစီးမှူး ဒေါက်တာပြုံးချို၊ ပုလောမြို့နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးဦးအောင်ကိုဦး၊ ပုလောမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်၊ ပုလောမြို့နယ်တရားသူကြီး ဦးပိုင်စိုးကျော်နှင့် တရားရုံးတာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပါသည်။

(၁၁:၀၀)နာရီတွင် မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။