လောင်းလုံး ဒီဇင်ဘာ ၂၇

လောင်းလုံးမြို့နယ်တရားရုံးတွင် (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program –NCMP) နှင့်စပ်လျဉ်းသည့် မိတ်ဆက်ရှင်းလင်း ခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၂၇ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လောင်းလုံးမြို့နယ်တရားရုံးတွင် Video Conferencing (Zoom System)ဖြင့် ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်သင်းသင်းချို(ကိုယ်စား)ဒုတိယညွှန်ကြားရေးမှူးဒေါ်မေသက်ဦးက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး လောင်းလုံးမြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် အသုံးပြု ရမည့်ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်ပတ်သက်၍ တက်ရောက် လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။

အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တရားလွှတ်တော်တရားသူကြီးဒေါ်အေးအေးသန်း၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ထားဝယ်ခရိုင်တရားသူကြီးဒေါ်ဝင်းဝင်းနွယ်၊ လောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ လောင်းလုံးမြို့နယ်ဥပဒေအရာရှိ ဒေါ်ဝေဝေချို၊ လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းကို၊ လောင်းလုံးမြို့နယ် တရားသူကြီး ဦးကျော်စွာလင်းနှင့် တရားရုံးတာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်း ရှေ့နေများတက်ရောက်ခဲ့ကြပါသည်။
(၁၁:၃၀)နာရီတွင် မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။