တနင်္သာရီ ဒီဇင်ဘာ ၂၇

တနင်္သာရီမြို့နယ်တရားရုံးတွင် (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program –NCMP) နှင့်စပ်လျဉ်းသည့် မိတ်ဆက်ရှင်းလင်း ခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၂၇ ရက်နေ့၊ နေ့လည်(၁:၀၀)နာရီတွင် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် Video Conferencing (Zoom System)ဖြင့် ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက Video Conferencing ဖြင့် အဖွင့်အမှာစကား ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီးတရားရေးဦးစီးမှူးဒေါ်သင်းသင်းချိုက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် နှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တနင်္သာရီမြို့နယ်တရားသူကြီး ဦးမိုးဦးလင်းက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် အသုံးပြု ရမည့်ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်ပတ်သက်၍ တက်ရောက် လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။
အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးဒေါ်ရင်ရင်သန်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်သင်းသင်းချို၊ တိုင်းဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများ၊ မြိတ်ခရိုင် တရားသူကြီး ဒေါ်ရီရီခင်၊ တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးပြည့်ထွန်း၊ တနင်္သာရီမြို့နယ်ဥပဒေအရာရှိ ဦးလင်းထက်၊ တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနေဝင်း၊ ရဲတပ်ကြပ်ကြီးမျိုးသန့်၊ ရဲတပ်သားဇော်ချို၊ တနင်္သာရီမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းနိုင်၊ တနင်္သာရီမြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထူးနိုင်၊ တနင်္သာရီမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးအရာရှိ ဦးရဲလှဝင်း၊ တနင်္သာရီမြို့နယ်တရားသူကြီး ဦးမိုးဦးလင်းနှင့် တရားရုံးတာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပါသည်။
(၂:၃၀)နာရီတွင် မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။