နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
သရက်ချောင်း ဒီဇင်ဘာ ၂၈

သရက်ချောင်းမြို့နယ်တရားရုံးတွင် (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program –NCMP) နှင့်စပ်လျဉ်းသည့် မိတ်ဆက်ရှင်းလင်း ခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သရက်ချောင်းမြို့နယ် တရားရုံးတွင် Video Conferencing (Zoom System)ဖြင့် ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူးဒေါ်သင်းသင်းချိုက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သရက်ချောင်းမြို့နယ်တရားသူကြီး ဦးဇင်မင်းထက်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် အသုံးပြု ရမည့်ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ တက်ရောက် လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။
အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်သင်းသင်းချို၊ တိုင်းဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများ၊ ထားဝယ်ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဒေါ်စိုးသီရိခိုင်၊ သရက်ချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦး၊ သရက်ချောင်းမြို့နယ်ဥပဒေအရာရှိ ဦးပြည့်စုံအောင်၊ သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်၊ သရက်ချောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးနေမင်းစိုး၊ သရက်ချောင်းမြို့နယ်ရဲမှုခင်းမှတ်တမ်းအရာရှိ ရဲအုပ်သန့်ဇော်၊ ဝင်းဝရဲစခန်းမှ ဒုရဲအုပ်မင်းရဲကျော်စွာ၊ သရက်ချောင်းမြို့နယ် လ.ဝ.က မှ ဒုတိယလ.ဝ.က ဦးစီးမှူး ဦးစံငွေ၊ သရက်ချောင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်လွင်၊ သရက်ချောင်းမြို့နယ်ကျန်းမာရေးမှ လက်ထောက်ဆရာဝန် ဒေါက်တာနေလင်း၊ သရက်ချောင်းမြို့နယ်တရားသူကြီး ဦးဇင်မင်းထက်နှင့် တရားရုံးတာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

(၁၀:၃၀)နာရီတွင် မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။