သတင်းများ

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Post Image

ဘုတ်ပြင်း ဒီဇင်ဘာ ၂၉

ဘုတ်ပြင်းမြို့နယ်တရားရုံးတွင် (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program –NCMP) နှင့်စပ်လျဉ်းသည့်  မိတ်ဆက်ရှင်းလင်း ခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၂၉ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဘုတ်ပြင်းမြို့နယ်တရားရုံးတွင် Video Conferencing (Zoom System)ဖြင့် ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီးတရားရေးဦးစီးမှူးဒေါ်သင်းသင်းချိုက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဘုတ်ပြင်းမြို့နယ်တရားသူကြီး ဦးမျိုးခန့်လွင်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် အသုံးပြု ရမည့်ပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့်ပတ်သက်၍ တက်ရောက် လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။     

အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သင်းသင်းချို၊ တိုင်းဒေသကြီးတရားလွှတ်တော်မှတရားရေးအရာရှိများ၊ ကော့သောင်းခရိုင် တရားသူကြီးဒေါ်စန္ဒာကျော်၊ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမင်းအောင်၊ ဘုတ်ပြင်းမြို့နယ်ဥပဒေအရာရှိဦးဇင်မင်းဦး၊ ဘုတ်ပြင်းမြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိဦးမျိုးသန့်၊ ဘုတ်ပြင်းမြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းထွန်းကျော်၊ ဘုတ်ပြင်းမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးကိုကိုဝင်း၊ ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနေလင်းအောင်၊ မြို့မရဲစခန်းမှူးဒုရဲမှူးမြဇော်၊ ပြည်ကြီးမဏ္ဍိုင်ရဲစခန်းမှ ရဲအုပ်တင်အောင်ဟိန်း၊ ကရသူရိရဲစခန်းမှ ရဲအုပ်ဝင်းသိန်း၊ ဘုတ်ပြင်းမြို့နယ်မှုခင်းမှတ်တမ်းတာဝန်ခံရဲအုပ်မင်းလွင်၊ မြို့နယ်လယ်ယာမြေစာရင်းမှ လက်ထောက်ဦးစီးမှူး ဦးအောင်ဆန်းငွေ၊ သစ်တောဦးစီးအရာရှိ ဦးစိုးတင့်၊ မြို့နယ်ပြန်ဆက်ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်း၊ ဘုတ်ပြင်းမြို့နယ်တရားသူကြီး ဦးမျိုးခန့်လွင်နှင့် တရားရုံးတာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေများ တက်ရောက်ခဲ့ကြပါသည်။

 

(၁၀:၃၀)နာရီတွင် မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။