နေပြည်တော်ရှိ ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၁၉)ရက်နေ့ အထိ Videoconference စနစ်ဖြင့် ကျင်းပခဲ့တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် များ ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ ၊ ခရိုင်တရားသူကြီးများ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာလမ်းညွှန် မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကိုတော့ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ဒီကနေ့ မနက်ပိုင်း မှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမမှာ Video conference စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။ထပ်ဆင့်ရှင်းလင်းပွဲမှာ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက ပြည်ထောင်စုတရားသူကြီးချုပ် က အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မျှတမှန်ကန်စွာအမြန်စစ်ဆေးပြီးပြတ်စေရေး လက်အောက် တရားရုံးများကို စိစစ်ကြပ်မတ်ပြီး ပြင်ဆင်တည့်မတ်ပေးရေး ၊ သီးသန့် တရားရုံးများဖြင့် စစ်ဆေးနေသည့်အမှုများ ကြန့်ကြာမှုမရှိ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်စေရေး ၊ နိုင်ငံဝန်ထမ်းများဖြစ်တာကြောင့် နိုင်ငံတော်အပေါ် သစ္စာ စောင့်သိကြရန်နှင့် ၂၀၂၂ ခုနှစ် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ပဥ္စမနှစ်လုပ်ငန်း အစီအစဉ် ရည်မှန်းချက်များ အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်စေရေးစတဲ့ လမ်းညွှန် မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။
တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးများက မိမိတို့၏တရားစီရင်ရေးအတွေ့အကြုံများကို ဆွေးနွေး မှာကြားခဲ့ပါတယ်။
တိုင်းဒေသကြီးတရားရေးဦးစီးမှူးကလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့သော စီမံခန့်ခွဲရေးနှင့်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပါတယ်။
တစ်ဆက်တည်းမှာဘဲ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ဝင်များနှင့် မိတ်ဆက်ခြင်း ၊ တွေ့ကြုံရသည့်အခက်အခဲများ တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားသူကြီးချုပ်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိ ပါတယ်။
https://tanintharyi.hc.gov.mm/storage/uploads/22 th_1646021144.mp4