သတင်းများ

တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ခြင်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား
Post Image

တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော် ဆောရွက်သည့်  မိတ်ဆက်အခမ်းအနားကို ဇူလိုင်လ ၂၉ ရက် နေ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးတရား လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

                        အခမ်းအနားတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက  တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များတွင် တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်ကို ၁-၈-၂၀၂၂ ရက်နေ့မှစတင်ပြီး တစ်ပြိုင်တည်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုသည်မှာ တရားရုံး၌စွဲဆိုပြီးဖြစ်သော တရားမမှုများအား အမှုသည်တို့၏ ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိ စေ့စပ်ဖြေရှင်းရေးဌာန၌ အမှုသည်များကိုယ်တိုင်ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာတွင် တရားရုံးကတာဝန်ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေးအရာရှိ တစ်ဦးက အမှုသည်များအကြား ကြားဝင်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုကိုဖြေရှင်းခြင်းဖြစ်ကြောင်း၊ တရားရုံး သို့ စွဲဆိုတင်ပို့လာသော တရားမမှုများ အနက် မိသားစုဆိုင်ရာအငြင်းပွားမှုများ၊ ငွေကြေးဆိုင်ရာအငြင်းပွားမှုများနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို အမှုမကြားနာမီအဆင့်တွင် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရမည်ဖြစ်ပြီး ကျမ်အမှုများတွင် အမှုသည်များ ဆန္ဒရှိလျှင် စေ့စပ်ဖြေရှင်းရေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စေ့စပ်ဖြေရှင်းရေးစနစ်အောင်မြင်စေရေး အတွက် ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပါသည်။

                        ထို့နောက် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီ နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်ခင်ဌေးမော်တို့မှ တရားရုံးများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်   စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

                        အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးဥပဒေရုံး မှ တိုင်းဥပဒေအရာရှိ၊ တိုင်းဒေသကြီး ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်နှင့်မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ၊ တရားသူကြီးများ၊ တရားလွှတ်တော်ရှေ့နေများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ