၁၈-၈-၂၀၂၂ ရက်နေ့နှင့် ၁၉-၈-၂၀၂၂ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက် များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကိုတော့ ဩဂုတ်လ (၂၇) ရက်နေ့ ဒီကနေ့ မနက်ပိုင်း မှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမမှာ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။ ထပ်ဆင့်ရှင်းလင်းပွဲမှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက မှုခင်းများ ကြန့်ကြာမှုမရှိစေဘဲ မှန်ကန် မြန်ဆန်စွာပြီးပြန်စေရေး၊ တရားမမှု များတွင် တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ် အောင်မြင်စွာ ဆောင်ရွက်သွားနိုင် ရေး၊ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂)ရည်မှန်းချက်များအောင်မြင်စေရေးကြိုးပမ်း ဆောင်ရွက်သွားကြရန်ပြောကြားတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၏လမ်းညွှန်မှာကြားချက်များနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာလမ်းညွှန်မှာကြားချက် များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။
တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးများက မိမိတို့၏တရားစီရင်ရေးအတွေ့အကြုံများကို ဆွေးနွေးမှာကြားခဲ့ပါတယ်။
တိုင်းဒေသကြီးတရားရေးဦးစီးမှူးကလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက မှာကြားခဲ့သော စီမံခန့်ခွဲရေးနှင့်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပါတယ်။