တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ စာရေးဝန်ထမ်းများလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ်-၁/၂၀၂၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁-၂-၂၀၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်း အနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ထား၀ယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးရှိ တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။