သတင်းများ

(၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းနှင့်တရားစီရင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
Post Image

၂၃-၂-၂၀၂၂ ရက်နေ့၊ ၂၄-၂-၂၀၂၂ရက်နေ့နှင့် ၂၅-၂-၂၀၂၃ရက်နေ့များတွင် ကျင်းပြုလုပ်ခဲ့သည့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၏  (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကိုတော့ ၂၀၂၃       ခုနှစ်၊ မတ် လ (၂) ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမမှာ Video Conference စနစ်ဖြင့်        ကျင်းပခဲ့ပါတယ်။ ထပ်ဆင့်ရှင်းလင်းပွဲမှာ တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်  ဒေါ်ပိုက်ပိုက်အေးက           ပြည်ထောင်စုတရားသူကြီးချုပ်၏ မိန့်ခွန်း၊ လမ်းညွှန်မှာကြားချက်များနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ ၏ တရားစီရင်ရေးဆိုင်ရာလမ်းညွှန်မှာကြားချက်များအား        ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးများက မိမိတို့၏တရားစီရင်ရေးအတွေ့အကြုံများကို ဆွေးနွေးမှာကြားခဲ့ပါတယ်။

တိုင်းဒေသကြီးတရားရေးဦးစီးမှူးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်           ညွှန်ကြားရေးမှူးများက မှာကြားခဲ့သော စီမံခန့်ခွဲရေးနှင့်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပါတယ်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ