သတင်းများ

စာရေးဝန်ထမ်းများလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၄ သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
Post Image

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ စာရေးဝန်ထမ်းများလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင် ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၈-၇-၂၀၂၄)ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ သင်တန်းသား/သူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော တရားရုံးဝန်ထမ်းများသည် စီမံခန့်ခွဲရေး လုပ်ငန်း၊ တရားစီရင်ရေးလုပ်ငန်း၊ ငွေစာရင်းလုပ်ငန်းစသည့် တရားရုံးလုပ်ငန်းများတွင် အသိပညာ၊ အတတ်ပညာ၊ ကိုယ်ရည်ကိုယ်သွေး၊ အများပြည်သူနှင့်ဆက်ဆံရေးတို့၌ စွမ်းဆောင်ရည် တိုးတက်မြင့်မား လာပြီး တရားရုံးလုပ်ငန်းများ အဆင်ပြေလွယ်ကူချောမွေ့စေရန်နှင့် တရားစီရင်ရေးစနစ် အပေါ် အများပြည်သူက ယုံကြည်ကိုးစားလာစေရန်ရည်ရွယ်၍ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၁၃)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ  (၈-၇-၂၀၂၄)ရက်နေ့မှ      (၁၈-၇-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ