၁၉-၈-၂၀၂၄ ရက်နေ့ နှင့် ၂၀-၈-၂၀၂၂ရက်နေ့များတွင် ကျင်းပြုလုပ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊၏ (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် လ (၂၄) ရက်နေ့ နှင့် (၂၅)ရက်နေ့များတွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ပြီး ထပ်ဆင့်ရှင်းလင်းပွဲတွင် တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပြည်ထောင်စုတရားသူကြီးချုပ်၏ မိန့်ခွန်း၊ လမ်းညွှန်မှာကြားချက်များနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာလမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။
တိုင်းဒေသကြီးတရားရေးဦးစီးမှူးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက မှာကြားခဲ့သော စီမံခန့်ခွဲရေးနှင့်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။