သတင်းများ

တရားရုံးများသို့အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သောသက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် လိုက်နာရမည့်အချက်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး
Post Image

တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများက တင်ပြရာတွင် လိုက်နာရမည့်အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တနင်္သရီတိုင်း ဒေသကြီး တရားလွှတ်တော်ရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်း

များက တင်ပြရာတွင် ပူးတွဲပါရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၄ ပါ ပုံစံ ၁၊ ၂ တို့အား ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်း၊ယာဉ်၊ စက်လှေများ၊ တန်ဖိုးလျော့နည်းဆုံးရှုံး ပျက်စီးမှုမရှိစေ တရားရုံးများအနေဖြင့် သက်သေခံယာဉ်ပါဝင်သော အမှုများကိုခြောက်လအတွင်း ပြီးပြတ်စေ ရေးဆောင်ရွက်ရန် ဘဏ္ဍသိမ်းသက်သေခံယာဉ်များကို တန်ဖိုးလျော့နည်းဆုံးရှုံးပျက်စီးမှုမရှိစေရေးအတွက် ဆောလျင်စွာစီမံခန့်ခွဲရန်အတွက် တရားရုံးများနှင့် သက်ဆိုင်ရာသက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီများ တွင် တာဝန်ရှိကြောင်း၊ သို့ဖြစ်၍ သက်သေခံပစ္စည်းများ တန်ဖိုးလျော့နည်း ဆုံးရှုံးပျက်စီး မှုမရှိစေရေးအတွက် ဆက်စပ်တရားစွဲအဖွဲ့အစည်းများ၊ သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီများက တရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဥပဒေချုပ် နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက တရားသူကြီးချုပ်၏ ပြောကြားချက်အပေါ် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးကြရာ တရားသူကြီးချုပ်က ၎င်းတို့၏ ဆွေးနွေးချက်များ အပေါ်ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။