အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကြီးမှူးကျင်းပမည့် “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” အပြည်ပြည်ဆိုင်ရာ လူငယ်ရေးရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး၊ လူမှုကြော်ငြာပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခွင့်ပြုခဲ့ပါသဖြင့် ပြိုင်ပွဲဝင်မည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးလူမှုကြော်ငြာပြိုင်ပွဲသို့ ၃၁-၈-၂၀၂၅ ရက်နေ့မတိုင်မီ ပေးပို့၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။