တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ စာရေးဝန်ထမ်းများလုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင် ခြင်း သင်တန်းအမှတ်စဉ် ၁/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၂-၉-၂၀၂၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တရားလွှတ်တော်တရားသူကြီးဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးဦးသိန်းထိုက်ဦးနှင့် တရားရေးအရာရှိများ၊ ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ သင်တန်းသား/သူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော တရားရုံးဝန်ထမ်းများသည် တရားရုံး လုပ်ငန်းများတွင် အသိပညာ၊ အတတ်ပညာ၊ ကိုယ်ရည်ကိုယ်သွေး၊ အများပြည်သူနှင့် ဆက်ဆံရေးတို့၌ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာပြီး တရားရုံးလုပ်ငန်းများ အဆင်ပြေလွယ်ကူချောမွေ့စေရန်နှင့် တရားစီရင်ရေးစနစ်အပေါ် အများပြည်သူက ယုံကြည်ကိုးစားလာစေရန်ရည်ရွယ်၍ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၉)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၂၂-၉-၂၀၂၅)ရက်နေ့မှ (၃၀-၉-၂၀၂၅) ရက်နေ့ အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။