တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် ၁/၂၀၂၅ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၉-၁၁-၂၀၂၅)ရက်နေ့၊ နေ့လည် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း၊ တရားလွှတ်တော် တရားသူကြီး ဒေါ်ရင်ရင်သန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးလွန်းဘော်နှင့် တရားရေးအရာရှိများ၊ ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ သင်တန်းသား/သူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော တရားရုံးဝန်ထမ်းများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်တို့ အပြန်အလှန် စာရေးသားဆက်သွယ်ရာတွင် (Digital Web Mail) ကွန်ယက်စနစ်ဖြင့် ပေးပို့ရမည်ဖြစ်ပြီး ကွန်ပျူတာပညာရပ်ကို ကိုင်တွယ်အသုံးချတတ်စေရန် တရားရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူစေရန် ရည်ရွယ်၍ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ (၉)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၁၉-၁၁-၂၀၂၅)ရက်နေ့မှ (၁၁-၁၂-၂၀၂၅) ရက်နေ့ အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။