တရားရုံးအသီးသီးသို့ ရာဇဝတ်မှုများ တရားစွဲဆိုတင်ပို့လာသည့်အခါ အမှုနှင့် သက်ဆိုင်၍ သိမ်းဆည်းထားသော သက်သေခံပစ္စည်းများအနက် တရားရုံးရှေ့သို့တင်ပို့ခြင်းဖြင့်ဖြစ်စေ၊ တရားရုံးရှေ့သို့ အလွယ်တကူတင်ပို့နိုင်သည့် ပစ္စည်းမဟုတ်လျှင် တရားရုံးရှေ့သို့ တင်ပို့နိုင်ခြင်းမရှိကြောင်း အစီရင်ခံစာနှင့်ဖြစ်စေ တင်ပြလာပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၄ပါ ပူးတွဲပုံစံများအား ပြည့်စုံစွာဖြည့်သွင်းပြီး တရားစွဲအဖွဲ့အစည်းများမှ တင်ပြခြင်း ရှိ မရှိ သေချာစွာစိစစ်ပြီးမှ အမှုများအား လက်ခံဆောင်ရွက်ရန် ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားထားသည်များကို သက်ဆိုင်ရာတရားသူကြီးများ၊ မြို့နယ် တရားသူကြီးများ၊ အမှုများကို ကနဦးစိစစ်လက်ခံသော တရားရုံးဝန်ထမ်းများက သိရှိလိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်သေခံပစ္စည်းများ ဆုံးရှုံးမှုမရှိစေရေးနှင့် တန်ဖိုးယုတ်လျော့မှုမရှိစေရေး စနစ်တကျ စီမံထိန်းသိမ်းရန် ပြဌာန်းထားသည့် သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၇၂/၂၀၂၄ ပြဌာန်းချက်ကို လေ့လာမှတ်သားရန်လိုအပ်ကြောင်း၊ ခွင့်ခံစားနေစဉ်သော်လည်းကောင်း၊ တာဝန်ဖြင့် သွားရောက်စဉ်တွင်လည်းကောင်း သက်သေခံပစ္စည်းပါဝင်သည့် ရာဇဝတ်မှုများကို စာရင်းပြုလုပ်၍ မိမိတို့၏ ရာထူးဆက်ခံမည့်သူထံ စနစ်တကျလွှဲပြောင်းပေးအပ်ရန် တရားရုံးများ လက်စွဲအပိုဒ် ၁၀၉၂ ပါညွှန်ပြချက်များကို သိရှိလိုက်နာဆောင်ရွက်သွားရန် ပြောကြားသည်။