တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်းသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူးဦးလွန်းဘော်၊ ကော့သောင်းခရိုင်တရားသူကြီးဦးချစ်ကိုကိုတို့နှင့်အတူ မတ် လ ၁၀ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့မရဲစခန်း(အချုပ်ခန်း)သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့သောင်းအကျဉ်းထောင်သို့ သွားရောက် စစ်ဆေးခဲ့ရာ ကော့သောင်းအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင် က အချုပ်ခံရသူများနှင့် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား/သူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ သောက်သုံးရေရရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အချုပ်ခံနေရသော အကျဉ်းသား/အကျဉ်းသူများနှင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူများ၏ အိပ်ဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင် ဆေးခန်း၊ အကျဉ်းထောင်ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှု၍ အချုပ်ခံနေရသူများ၊ ပြစ်ဒဏ်ကျခံနေရသူများနှင့် တွေ့ဆုံပြီး နေရာထိုင်ခင်း၊ အစားအသောက်နှင့် မကျန်းမာပါက ဆေးကုသခွင့် ရှိ မရှိ၊ နှိပ်စက်ညှင်းပန်းခြင်း ရှိ မရှိ၊ အမျိုးသမီး တရားခံများကို အကာအရံ လုံခြုံစွာထားရှိမှုအခြေအနေနှင့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။