သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Post Image

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အောင်မြင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၆-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Hybrid System ဖြင့် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်‌ဒေါ်ပိုက်ပိုက်အေးက တရားရုံး က ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုသည်မှာ နှစ်ဖက်သော အမှုသည်များက အငြင်းပွားနေတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ပါဝင်၍ စေ့စပ်ဖြေရှင်းပြီး နှစ်ဖက်သဘော တူညီချက်ရရှိအောင် ဆောင်ရွက်ပေးတာဖြစ်သည့်အတွက် အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် အမှုများကို ဖြေရှင်းဆောင်ရွက်နိုင်တဲ့ ကောင်းကျိုးကို လွယ်ကူစွာ ခံစားနိုင်မှာဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်းရှိ ရှေ့နေများက မိမိတို့ရဲ့ အမှုသည်များကို စေ့စပ်ဖြေရှင်းရေးစနစ်ရဲ့ ကောင်းကျိုးများအား ကျေနပ်လက်ခံလာနိုင်အောင် တိုက်တွန်း ပြောကြားပေးပါရန် ပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်ဇော်ဦးက စေ့စပ်ဖြေရှင်းရေးစနစ် စတင်အကောင်အထည်ဖော်ခဲ့သည့် အကြောင်းအရာများ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခဲ့သော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာန၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ပညာပေးဇာတ်လမ်းတိုကို ထုတ်လွှင့်ပြသခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်အေးမြစန္ဒာချိုက စေ့စပ်ဖြေရှင်းရေးဌာနက ဆောင်ရွက်သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ရှေ့နေများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပါသည်။ ရှေ့နေများက စေ့စပ်ဖြေရှင်းရေး စနစ် အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြန်လည်  ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ