တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် ၁/၂၀၂၆ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၀-၈-၂၀၂၆)ရက်နေ့၊ နေ့လည် (၂)နာရီအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ထွေးထွေး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်ဇော်ဦးနှင့် တရားရေးအရာရှိများ၊ ထားဝယ်ခရိုင် တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ သင်တန်းသား/သူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်းက တရားရုံးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရာတွင် ကွန်ပျူတာနှင့် နည်းပညာ ကျွမ်းကျင်မှုသည် ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် အရည်အသွေးဖြစ်ကြောင်း၊ Case Management System နှင့် ရုံးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ထိရောက်စွာ စီမံခန့်ခွဲ နိုင်ရန် ယင်းကျွမ်းကျင်မှုများသည် အရေးပါကြောင်း၊ ထို့ပြင် AI ခေတ်တွင် နည်းပညာကို ထိရောက်စွာ အသုံးမပြုနိုင်ပါက တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရန် ခက်ခဲနိုင်ကြောင်း၊ ကွန်ပျူတာပညာရပ်ကို ကိုင်တွယ်အသုံးချပြီး တရားရုံး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူစေရန်ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၁၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ (၁၀-၈-၂၀၂၆)ရက်နေ့မှ (၂၈-၈-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါ သည်။