အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ် လ ၂၇ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ထားဝယ်တက္ကသိုလ်၊ ဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးသန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အကြောင်းရှင်းလင်း ပြောကြားရာတွင် အဂတိလိုက်စားမှုကင်းစင်ပြီး ရိုးသားမှု၊ တာဝန်ယူမှုနှင့် တရားမျှတမှုရှိသည့် လူမှုအသိုင်းအဝိုင်းနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ရပ်ဖြစ်ပေါ်လာစေရန် အဂတိလိုက်စားမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကို ဝိုင်းဝန်းရှာဖွေဖော်ထုတ်၍ တားဆီးကာကွယ် ဖြေရှင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ ထားဝယ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(၂)ဦး၊ ဘာသာရပ်များမှဌာနမှူး နှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဧည့်သည်တော်များ တက်ရောက် ကြသည်။