ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၃၁)ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းခြင်းကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၌ (၁၈-၇-၂၀၂၆)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် Video Conferencing System ဖြင့် ကျင်းပပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်းက ပြည်ထောင်စု တရားသူကြီးချုပ်၏ မိန့်ခွန်းကိုထပ်ဆင့်ဖတ်ကြားခြင်း၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါ သည်။
တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများဖြစ်သည့် ဒေါ်ရင်ရင်သန်းနှင့် ဒေါ်ထွေးထွေးတို့က တရားစီရင်ရေးဆိုင်ရာများကို လမ်းညွှန်မှာကြားခဲ့ပါသည်။
တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်ဇော်ဦးကလည်း ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပြီး စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ခရိုင်နှင့်မြို့နယ်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြသည့် အပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါ သည်။