သမိုင်းကြောင်း

သမိုင်းကြောင်း

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်သည် တနင်္သာရီတိုင်းဒေသကြီး၏မြို့တော် ထားဝယ်မြို့တွင် တည်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦ:ခင်ဇော်က ဖွင့်လှစ်ပေးခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ထားဝယ်မြို့နယ်တရားရုံး အဆောက်အဦသစ်ကို ထားဝယ်ခရိုင်တရားရုံးနှင့် မြေကွက်ချင်းထိစပ်နေသော (၃) ဧက အကျယ်အဝန်းရှိ မြေကွက်ပေါ်တွင်တည်ဆောက်ထားပါသည်။ အဆောက်အဦ၏ အနောက်ဘက်တွင် ထားဝယ်မြို့နယ် တရားရုံးနှင့် ထားဝယ်ခရိုင်တရားရုံးတို့တစ်ဆက်တည်းတည်ရှိပါသည်။ အဆောက်အဦ၏အရှေ့မျက်နှာစာတွင် ရေးလမ်း၊ တောင်ဘက်တွင် သုခလမ်းသွယ်ရှိပါသည်။